နေပြည်တော် ၉ ဖေဖော်ဝါရီ
အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုဥက္ကဌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ယနေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပင်လောင်းမြို့နယ်၏ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများပါဝင် ဆောင်ရွက်နေသည့် ဦးစီး ဌာနများနှင့် တွေ့ဆုံသည်။ ယင်းနောက် နောင်တရားမြို့နယ်အတွင်းရှိ အစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိသည့် နောင်တရားမြို့ စိုက်ပျိုးရေး ရှေ့တန်းအခြေစိုက် စခန်းရှိ အစားထိုး ကျေးရွာများသို့ ဖြန့်ဝေမည့် ထောပတ်၊ ကော်ဖီ၊ လက်ဖက်ပျိုးပင်များကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပေါ့အင်အုပ်စု၊ လွယ်တက် (အမက)ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း လုပ်ငန်း ၊ ဉာဏ်ပင်လမ်းခွဲ-ကျွဲဖြူကွင်း-လွယ်တက် (၂/ဝ)မိုင် ကျောက်ရော မြေလမ်းခင်းခြင်း လုပ်ငန်း၊ ဆောင်းပေါင်း(အမက) ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်း ၊ ထီရယ်ကျေးရွာ (၁/၄)မိုင် စိမ့်စမ်းရေ သွယ်ယူခြင်း ရေတားတမံ(Chan Link Fancing)(88)ft ရေသန့်စက်အိမ်နှင့် ရေသန့်ပစ္စည်းများ တပ်ဆင်ခြင်းလုပ်ငန်း၊ ပေါ့အင်ကျေးရွာအုပ်စု၊ ကျောက်တင်-ခြုံပုတ်-ဝါးပြုံး မြေ လမ်း (၃)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းအား လည်းကောင်း၊ ဆောင်ခမောက်-စည်ပင်-ပင်ခင် (၄/ဝ) မိုင် ကျောက်ရောမြေလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် နောင်မူလမ်းခွဲ-ကျောက်ဆင့်လမ်း (၂/ဝ)မိုင် ဖောက်လုပ် ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ လုပ်ငန်းများသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အထိ ပေါ့အင်၊ မွှေးပြင်၊ ပင်ခင်၊ လွယ်မောကျေးရွာ (၄)အုပ်စုတွင် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည် ဖော်ရေး စီမံခန့်ခွဲမှု အဖွဲ့တွင်ပါဝင်သည့် သက်ဆိုင်ရာဦးစီးဌာနများမှ ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ လမ်း/တံတား၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့သည်။
ထို့နောက် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးလာသည့်အတွက် ဒေသထွက်ကုန်စည်များ စီးဆင်းမှု မြန်ဆန်ခြင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကြောင့် သန့်ရှင်းသောသောက်သုံးရေ ရရှိလာခြင်း၊ ကျောင်းဆောင်များ ဆောင်ရွက်ပေးခြင်းကြောင့် ဒေသခံကျောင်းသား သူများအတွက် အဆင်ပြေချောမွေ့ ခြင်း၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကြောင့် လူသေဆုံးမှုများ နည်းပါး လာခြင်း၊ လျှပ်စစ်မီး သွယ်တန်းပေးခြင်းကြောင့် လူနေမှုအဆင့်အတန်းနှင့် အသေးစားစီးပွားရေး လုပ်ငန်းများအတွက် အဆင်ပြေချောမွေ့သွားတော့မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)