သရက်ချောင်း ၁၀ ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက ကြီးမှူး၍ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်း၊အလယ်တန်း အဆင့် ကဗျာပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက် ၈ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးကိုယ်စား စာကြည့်တိုက် လက်ထောက်-၃ ဒေါ်သက်အိလှိုင်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ကဗျာပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ကဗျာပြိုင်ပွဲတွင် သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်း အဆင့် (၁၆)ဦး၊အထက်တန်းအဆင့် (၄)ဦး စုစုပေါင်း(၂၀) ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
၎င်းပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို ၂၀၂၀ ပြည့်နှစ်၊ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား၌ ပထမ၊ဒုတိယ၊ တတိယဆု ရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးချစ်ဦး(ပြန်/ဆက်)
