ဂန့်ဂေါ ၁၀  ဖေဖော်ဝါရီ

 

(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ဂန့်ဂေါမြို့၌ ကျင်းပရန်စီစဉ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ပြိုင်ပွဲဝင်နိုင်ရန် အဖွဲ့ ၂၈ ဖွဲ့တို့က စာရင်းပေးသွင်း ထားပြီးဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။

 

ထို့ပြင် အဆိုပါနေ့တွင် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရာ ခရိုင်အားကစားကွင်း၌ တိုင်းရင်းသား ရိုးရာ ပဒေသာကပွဲကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

တောင်သားမောင်သန်း