ဝန်းသို ၁၀ ဖေဖော်ဝါရီ
ဖရဲစိုက်ခင်းများတွင် တရားမဝင် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာများ သုံးစွဲမှု ရှိ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်းရှိ ဖရဲစိုက်ခင်းများတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦ:တင့်ဆွေနှင့် ပူးပေါင်းအဖွဲ့ဝင်များက မန်ကျည်းကုန်းအုပ်စုရှိ တောင်သူဦးကျော်ဆန်း၏ ဖရဲစိုက်ခင်း ၃၆ ဧကနှင့် အောင်းကုန်းအုပ်စုရှိ တောင်သူ ဦးနိုင်စိုး၏ ဖရဲစိုက်ခင်းဧက ၇၀ တို့တွင် တရားမဝင် ပိုးသတ်ဆေးများနှင့် ဓာတ်မြေသြဇာများ သုံးစွဲမှု ရှိ မရှိ စစ်ဆေးခဲ့ပြီး သုံးစွဲရန်မသင့်သည့် ဓာတ်မြေဩဇာများနှင့် ပိုးသတ်ဆေးများ အန္တရာယ်တို့ကို အသိပညာပေး ပြောကြားခဲ့သည်။
ဝန်းသိုမြို့နယ်တွင် ယခုနှစ် မိုးစပါးအပြီး လယ်သီးထပ်စိုက်ပျိုးသည့်အနေဖြင့် ဖရဲစိုက်ခင်းဧက စုစုပေါင်း ၆၀၀ ခန့် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)