ကျောက်မဲ ၁၀  ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ယနေ့နံနက် (၁၀) နာရီက ခရိုင်ကျန်းမာရေး ဦးစီးဌာနမှကြီးမှူး၍ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးရေးအတွက် ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

 

52

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံမှ သားဖွားမီးယပ်အထူးကု ဒေါက်တာစန္ဒာကျော်က သားအိမ်ခေါင်းကင်ဆာ ရောဂါသည် ဒုတိယလူအသေအများဆုံးရောဂါဖြစ်ကြောင်း၊ ယနေ့မှစ၍ ကျောက်မဲမြို့နယ်အတွင်း ဝေးလံခက်ခဲသည့် ဒေသရှိ ကျေးလက်နေ အသက် (၃၀)နှစ်မှ (၄၉)နှစ်အတွင်း အိမ်ထောင်ကျဖူးသူ ၊ လိင်ဆက်ဆံဖူးသူ အမျိုးသမီးများကို ဦးစားပေးစစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ၊ ဒေသခံပြည်သူများ လာရောက်၍ ဆေးစစ်ဆေးမှု ခံယူရေးအတွက် စည်းရုံးဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

 

33

 

ထို့နောက် ဒုတိယခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နန်းရီလှိုင်ဦးက သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍  ရှင်းလင်းပြောကြားခဲ့ပြီး  တက်ရောက် လာသူများမှ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)