၁၀ ဖေဖော်ဝါရီ
အဓိပ္ပါယ်ဖွင့်ဆိုချက်
Blighted Ovum (သားအိမ်အသားလုံးတည်ခြင်း) ကဘာလဲ။
သန္ဓေမပါသော ကိုယ်ဝန်အဖြစ်လည်း သိကြပါတယ်။ မျိုးဥက မျိုးအောင်ပြီး သားအိမ်နံရံမှာကပ်တွယ်ပေမယ့် သန္ဓေသားအဖြစ်ဖွံ့ဖြိုးလာခြင်း မရှိတာပါ။
ဒီပြသနာဟာ အမျိုးသမီးတစ်ဦးသည် သူမကိုယ်ဝန်ကြောင်းကို မသိမီ ပထမဦးဆုံးသုံးလပတ်အတွင်း တွေ့ကြုံတတ်ပါတယ်။ ဒီပုံစံဟာ ကိုယ်ဝန်ပျက်ကျခြင်း အမျိုးအစားတစ်ခုဖြစ်ပါတယ်။ သို့သော်အမျိုးသမီးအနေနဲ့ ရာသီလာခြင်းမရှိသလို ကိုယ်ဝန်ရှိတယ်ဆိုပြီးလည်း ပြနေတတ်ပါတယ်။
ဘာလို့လည်းဆိုတော့ ကိုယ်ဝန်နဲ့ဆိုင်တဲ့ဟော်မုန်းများ ထုတ်လုပ်မှုဖြစ်ပြီး ကိုယ်ဝန်လက္ခဏာတွေဖြစ်ပေါ်လို့ဖြစ်ပါတယ်။
ဒါပေမယ့်အချင်းကြီးထွားလာမှု ရပ်ပြီး ဟော်မုန်းပမာဏ ကျဆင်းသွားတဲ့အခါ, လက္ခဏာပျောက်ကွယ်သွားပါတယ်။ ဤအဆင့်မှာ အသေးစားဝမ်းဗိုက်နာခြင်းနှင့် သွေး အစက်အပြောက် သို့မဟုတ် သွေးထွက်ခြင်းဖြစ်နိုင်ပါတယ်။
လက္ခဏာများ
Blighted Ovum (သားအိမ်အသားလုံးတည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
ရောဂါဖြစ်နေတဲ့အမျိုးသမီးအနေနဲ့ ပထမဦးဆုံးလအနည်းငယ်မှာ ကိုယ်ဝန်လက္ခဏာ အချို့ကိုဖြစ်ပေါ်စေနိုင်ပါတယ်။
ပြီးရင် ဒါတွေ တွေ့ကြုံခံစားနိုင်ပါတယ်။
– ဝမ်းဗိုက်တောင့်တင်းခြင်း
– ယောနိမှ သွေးစက်ဒါမှမဟုတ် သွေးထွက်ခြင်း
– ယခင်ထက်ပိုပြီး ရာသီသွေးပေါ်ခြင်း
အထက်ပါ စာရင်းမှာမပါတဲ့ အချို့လက္ခဏာတွေရှိကောင်းရှိနိုင်ပါသည်။ သင်လက္ခဏာနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိပါကသင့်ဆရာဝန်နှင့်တိုင်ပင်ပါ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အထက်ဖော်ပြပါ လက္ခဏာတွေရှိရင် ပြသင့်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် တည်ဆောက်ပုံမတူကြတဲ့ အတွက် သင့်အတွက်သင့်တော်မယ့် အခြေအနေကို ဆွေးနွေးပါ။
အကြောင်းရင်းများ
Blighted Ovum (သားအိမ်အသားလုံးတည်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
မျိုးဗီဇသယ်ဆောင်သောခရိုမိုဆုမ်းပြသနာများကြောင့်ဖြစ်ရခြင်း ဖြစ်ပါတယ်။ အရည်အသွေး မကောင်းတဲ့ သုက်ပိုးသို့မဟုတ် မျိုးဥကနေဖြစ်နိုင်ပါတယ်။
ပုံမှန်မဟုတ်သောဆဲလ်အချင်းချင်းကွဲပြားခြင်းကြောင့်တွေ့ရှိနိုင်ပါသေးတယ်။ သင့်ခန္ဓါကိုယ်ကဒီမျိုးရိုးဗီဇ မူမမှန်တာကိုတွေ့တဲ့အခါ ကိုယ်ဝန်ပျက်မှု ဖြစ်တတ်ပါတယ်။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Blighted Ovum (သားအိမ်အသားလုံးတည်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
အသက်ကြီးတဲ့အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Blighted Ovum (သားအိမ်အသားလုံးတည်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ရောဂါဖြစ်တဲ့ အမျိုးသမီးအများစုဟာလက္ခဏာများ မပေါ်လာခင်အထိ သူတို့ကိုယ်ဝန်ရှိနေတယ်လို့ ထင်ကြပါတယ်။ ပုံမှန်ကိုယ်ဝန်စမ်းသပ်မှုတွေ ဒီအရာကို ရှာဖွေနိုင်မှာမဟုတ်ပါဘူး။
ဒါကြောင့် ကိုယ်ဝန်ဟာဗလာဖြစ်နေသလားသိဖို့ ဆရာဝန်က ultrasound သုံးရန်လိုအပ်ရတဲ့အကြောင်းရင်းဖြစ်ပါတယ်။
Blighted Ovum (သားအိမ်အသားလုံးတည်ခြင်း) ကို ဘယ်လိုကုသပါသလဲ
ကုသတဲ့ အခါ, ဆရာဝန်က အချင်းတစ်ရှူးကိုဖယ်ရှားမယ့် D & C (Dilation နှင့် Curettage) လုပ်ထုံးလုပ်နည်းအစား သဘာဝအတိုင်းကိုယ်ဝန်ပျက်ကျဖို့ စောင့်ဆိုင်းရန်သင့်အား အကြံပေးပါလိမ့်မယ်။ အမျိုးသမီးတစ်ဦးရဲ့ ခန္ဓါကိုယ်က သူ့ဘာသာ တစ်ရှူးစွန့်ထုတ် လိုက်နိုင်တဲ့အတွက် အန္တရာယ်များတဲ့ခွဲစိတ်လုပ်ထုံးလုပ်နည်းတွေ မသုံးတာ ဖြစ်ပါတယ်။
သို့သော်အခြား ရောဂါပြသနာတွေကြောင့် ကိုယ်ဝန်ပျက်ကျမှု မလုပ်ချင်ရင် D & C လုပ်ထုံးလုပ်နည်းကို ရွေးချယ်နိုင်ပါတယ်။
misoprostol ဆေးဝါးကို လူနာမှာ အသုံးပြုခြင်းက အခြားရွေးချယ်စရာဖြစ်နိုင်ပါတယ်။ ဒီဆေးဝါးနှင့်အတူသွေးထွက်များခြင်းနှင့် အခြားဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်။
ကိုယ်ဝန်ပျက်ကျပြီးနောက် သင့်ဆရာဝန်က နောက်ထပ်ကိုယ်ဝန်မယူခင် ရာသီကာလ အနည်းဆုံးတပတ်ကနေ ၃ပတ်စောင့်ခိုင်းမှာ ဖြစ်ပါတယ်။
သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။
ရေးသားသူ Phyo Wai Yan
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”