ပခုက္ကူ ၁၀ ဖေဖော်ဝါရီ  


ကိုရိုနာဗိုင်းရပ်(စ်) လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်ရှိပါက ကုသရန်အတွက် ပခုက္ကူခရိုင်ပြည်သူ့ဆေးရုံကြီး၌ သီးသန့်ခန်းထားရှိကြောင်း သိရသည်။

 

a

 


ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဆေးရုံပိုင်းတွင် သံသယလူနာ၊ စောင့်ကြည့်ရမည့်လူနာများရှိပါက ညွှန်ကြားချက်နှင့်အညီ လက်ခံရန် သီးသန့်ခန်း ဆရာဝန်၊ ဆရာမအဆင်သင့်ပြင်ဆင်ထားပြီး မြို့နယ်အတွင်း နယ်များတွင် သားဖွားဆရာမများ၊ ကျန်းမာ ရေးဌာနခွဲ၊ ကျန်းမာရေးဌာနများက တရုတ်နိုင်ငံမှ (၁၄)ရက်အတွင်း ပြန်ရောက်နေသော လူနာများစာရင်းကို ကောက်ယူရန် အဆင့်ဆင့်တာဝန်ပေးထားပြီး မြို့နယ်၊ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူးများထံ နေ့စဉ် နံနက် ၉ နာရီပေးပို့လျက်ရှိကြောင်း သိရသည်။

    
ကိုဇော်(ဓာတု)