နေပြည်တော် ၁၀ ဖေဖော်ဝါရီ

 

နေပြည်တော် သပြေကုန်းအဝိုင်းရှိ ဗိုလ်ချုပ်ကြေးရုပ် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ယင်းနေ့ နံနက် ၇ နာရီ မိနစ် ၅၀ ၌လည်းကောင်း၊ နေပြည်တော် (MICC-2) တွင် ကျင်းပမည့် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ သီချင်း၊ ကျပန်းစကားပြောနှင့် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပြိုင်ပွဲ အခမ်းအနား (ပထမပိုင်း)ကို ယင်းနေ့နံနက် ၉ နာရီ ၄၅ မိနစ်၌လည်းကောင်း စတင်ထုတ်လွှင့်သွားမည်ဖြစ်ရာ အဆိုပါအခမ်းအနားများ ကျင်းပပုံများကို မြန်မာ့ရုပ်မြင်သံကြား (MRTV) ၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း (NRC Channel)၊ Skynet Up to Date၊ Channel 9၊ တိုင်းရင်းသား၊ MITV၊ MNTV၊ Mizzima၊ မြန်မာ့အသံရေဒီယို အစီအစဉ်နှင့် Ministry of Information Facebook Page၊ MRTV Facebook Page၊ Myanmar Digital News Facebook Page နှင့် Skynet DTH Facebook Page တို့တွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)