လှည်းကူး  ၁၀    ဖေဖော်ဝါရီ

 

ကျေးလက်ဒေသများတွင် ထင်းသုံးစွဲမှုလျော့ချရေး၊ သစ်တောပြုန်းတီးမှုများ ကာကွယ်နိုင်ရေးနှင့် ကာဗွန်ထုတ်လုပ်မှုလျော့ချရေးတို့အတွက် စွမ်းအားမြှင့်မီးဖိုအလုံး(၉၀၀)ကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများထံသို့ ဖေဖော်ဝါရီ(၁၀)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ (အခမဲ့)ဖြန့်ဖြူးပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

စိုက်ပျိုးရေးဦးစီးဌာန၊ ကိုးရီယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ(KOICA)နှင့် ကိုရီယားရာသီဥတုပြောင်းလဲမှုဗဟိုဌာန (Korea Climate Change Center)တို့ပူးပေါင်းဆောင်ရွက်မှုဖြင့် လှည်းကူးမြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသည့် ထင်းအဓိက ထားသုံးစွဲနေရသော ဂုံမင်လျှို(၂)ကျေးရွာ၊ ဆောက်တောကုန်းကျေးရွာ၊ တောင်ထပ်ကျေးရွာ၊ တောင်ထန်းမြှောင်ကျေးရွာ၊ လက်ပံဝဲကျေးရွာ၊ ရေလဲကန်ကျေးရွာ၊ စွယ်လတ်ကျေးရွာ၊ မြို့ကုန်းကျေးရွာ၊ တွင်းတစ်ရာကျေးရွာ စုစုပေါင်းကျေးရွာ(၉)ရွာ၊ အိမ်ထောင်စုပေါင်း(၉၀၀)တို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ရွှေနှင့်ဝန်ထမ်းများမှ အဖွဲ့(၃)ဖွဲ့ခွဲ၍ အခမဲ့ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း သိရသည်။ 

 

နိုင်လင်း(လှည်းကူး)