မတ္တရာ ၁၁ ဖေဖော်ဝါရီ
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် မတ္တရာမြို့တစ်ပတ် မီနီမာရသွန် ပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မတ္တရာမြို့တစ်ပတ် မီနီမာရသွန်ပြိုင်ပွဲကို အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံးရှေ့မှ စတင် တာလွှတ်ခဲ့ပြီး အဆိုပါ တာလွှတ်သည့်နေရာ၌ပင် ပန်းဝင်စေခဲ့ရာ ပန်းဝင်သည့် အာကစားသမားများအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကြိုဆို အားပေးခဲ့ကြသည်။

ဆက်လက်၍ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများရှိကြသည့် အမျိုးသား၊ အမျိုးသမီး အားကစားသမားများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
မတ္တရာမြို့တစ်ပတ် မီနီမာရသွန်ပြိုင်ပွဲသို့ အမျိုးသား ၄၀ နှင့် အမျိုးသမီး ၁၀ ဦး စုစုပေါင်း အားကစားသမား ၅၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)
