ရေဖြူ ၁၁ ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ ပြပွဲတွင် ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူရှိန်က နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် နံရံကပ်စာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်းဘဝဖြစ်စဉ်မှတ်တမ်းများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် မိသားစု ဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ဆွေစဉ်မျိုးဆက်ဇယား၊ ဗိုလ်ချုပ်၏ နိုင်ငံရေး လှုပ်ရှားမှု မှတ်တမ်းပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝမှတ်တမ်းပုံများ၊ တပ်မတော်တွင် ပါဝင်ဆောင်ရွက်မှု မှတ်တမ်းပုံများ၊ ဗိုလ်ချုပ်နှင့် သက်ဆိုင်သောစာအုပ်များ ဝေဝေဆာဆာ ပြသ ထားသောကြောင့် အထက-ရေဖြူမှ ကျောင်းသား/ကျောင်းသူများ လာရောက် လေ့လာကြည့်ရှု ကြကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်
