နေပြည်တော် ၁၁ ဖေဖော်ဝါရီ 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်သည် ယနေ့နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ၊ အအိချိခရိုင်၊ နာဂိုဟာမြို့တွင် မြန်မာနိုင်ငံအစိုးရမှ မြန်မာ့ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် မစ္စတာတိုရှိအိုနီရှိမူရနှင့် အဖွဲ့အား နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

11220

 

တွေ့ဆုံစဉ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဂျပန်ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ လာရောက်လည်ပတ်နိုင်ရန် အရည်အသွေးရှိသော ခရီးစဉ်များ ဖြစ်ပေါ်လာရေး အလေးထားဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 

သတင်းစဉ်