နေပြည်တော် ၁၁ ဖေဖော်ဝါရီ
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမား နှင့်အဖွဲ့အား ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ကံ့ကော်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး၊ အာရှဗဟိုဘဏ်များ ငွေစာရင်းရှင်းလင်းရေး အဖွဲ့ဝင်နိုင်ငံများအကြား ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ပိုမိုချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ အီလက်ထရောနစ် ကတ်လုပ်ငန်းများ ပေးချေမှုဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်