နေပြည်တော် ၁၁ ဖေဖော်ဝါရီ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ထမ်းမိသားစု၏ မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၃ နာရီတွင် အဆိုပါဝန်ကြီးဌာန အားကစားကွင်း၌ ကျင်းပသည်။
ပြိုင်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးဆက်အောင်နှင့် ဒေါက်တာမင်းရဲပိုင်ဟိန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများနှင့် အကဲဖြတ်အဖွဲ့များက မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသော ပြိုင်ပွဲဝင်အသင်းများအား ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့််သည်။
ထို့နောက် မြန်မာ့ရိုးရာထမနဲပြိုင်ပွဲ ကျင်းပရေးကော်မတီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား ပြိုင်ပွဲဝင်အသင်းများ၏ ဆုရရှိသော ထမနဲများဖြင့် တည်ခင်းဧည့်ခံသည်။
ပြိုင်ပွဲသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဝန်ကြီးရုံး၊ ဦးစီးဌာန(၁၅)ခုနှင့် လုပ်ငန်း(၅)ခု၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဘဏ်များမှ စုစုပေါင်းပြိုင်ပွဲဝင် အသင်း(၉)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်