ဆိပ်ဖြူ   ၁၁  ဖေဖော်ဝါရီ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံဝန်ထမ်းများအတွက် (၈)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာ ပန္နက်တင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါဝန်ထမ်းအိမ်ရာ မြေနေရာတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးကျော်ဆန်းအောင်နှင့် ဒေါ်သက်မွန်အေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်၊ တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်တင်တို့က ပန္နက်တိုင် စိုက်ထူပေးခဲ့ကြသည်။

 

12

 

အဆိုပါ ဝန်ထမ်းအိမ်ရာကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်၍ RIEC Group of Co.Ltd မှ တာဝန်ယူတည်ဆောက်သွားမည် ဖြစ်သည်။

 

13

 

အဆိုပါဝန်ထမ်းအိမ်ရာကို ဇန်နဝါရီ ၁၈ ရက်မှစတင်၍ လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ကာ စက်တင်ဘာ ၂၀ ရက်တွင် အပြီးတည်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

စိုးလင်းနိုင်(ပြန်/ဆက်)