မုံရွာ ၁၂ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၅ နာရီက မုံရွာမြို့ ကန်သာယာ ရွှေလိမ္မော်ကျွန်း၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဂုဏ်ပြုတပ်ဖွဲ့ဝင်များက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် အလံတင်အလေးပြုကြပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေးပြုကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အလေးပြုခြင်း အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဂုဏ်ပြုတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)