လွိုင်ကော် ၁၂ ဖေဖော်ဝါရီ
၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၅ နာရီခွဲက လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံရှိ ကျောက်သားရင်ပြင်၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဉီးကျော်လင်းမောင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဉပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ တက်ရောက်အလေးပြုခဲ့ကြကြောင်း သတင်းရရှိသည်။

ထွန်းလေး (ပြန်/ဆက်)
