ငဖဲ ၁၂ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လယ်ယာထွက်ကုန်သီးနှံတွေကို အချိန်ကုန် ငွေကြေးကုန်ကျစရိတ် သက်သာစွာနဲ့ ဈေးကွက်ကို ရာသီမရွေး အချိန်မီတင်ပို့ရောင်းချရန်အတွက် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၈၄ ဒသမ ၁ သန်းဖြင့် ကုန်ထုတ်လမ်း ၃ လမ်းနှင့် ရေပြွန် ၁၃ စင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျေးလက်ကုန်ထုတ်လမ်းများ ရွေးချယ်ရာတွင် ကျေးရွာနေပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ် များမှ ဒေသအတွက် အမှန်တကယ်လိုအပ်နေသည့် ကုန်ထုတ်လမ်းများအား တင်ပြသည့်အခါ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာများက ကွင်းဆင်း စစ်ဆေးပြီး အမှန်တကယ်လိုအပ်မှုတို့ကို ကုန်ကျစရိတ်တွက်ချက်ကာ ဦးစားပေးအဆင့်အလိုက် ရွေးချယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သာစည်ကျေးရွာ ကုန်ထုတ်လမ်း အရှည်ပေ ၆၉၅၀၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၉ လက်မ ချောင်းသဲကျောက်တင်ပြီး မြေနီကျောက်စရစ်ခင်းခြင်းနှင့် အဆိုပါလမ်းပေါ် ရေပြွန် ၆ စင်းတည်ဆောက်ခြင်းလည်းကောင်း၊ ပေါက်ရင်းကုန်းကျေးရွာကုန်ထုတ်လမ်း အရှည်ပေ ၆၀ဝ၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ မြေနီကျောက်စရစ်ခင်းခြင်းနှင့် အဆိုပါလမ်းပေါ် ရေပြွန် ၄ စင်း တည်ဆောက်ခြင်းလည်းကောင်း ပေါင်းကလေးကျေးရွာကုန်ထုတ်လမ်း အရှည်ပေ ၃၉၀ဝ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၉ လက်မ ချောင်းသဲကျောက်တင်ပြီး မြေနီကျောက်စရစ်ခင်းခြင်းနှင့် အဆိုပါလမ်းပေါ် ရေပြွန် ၃ စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့အား ယခုဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၈၄ ဒသမ ၁ သန်းဖြင့် ထွန်းကမ္ဘာလင်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်း ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်ထံမှ သိရသည်။
သူရိန်(မင်းဘူး)