ပဲခူး ၁၂ ဖေဖော်ဝါရီ
ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၁၅) မှ သင်တန်းသား/သင်တန်းသူများသည် ယနေ့ နံနက် ၉ နာရီခွဲက Group Presentation ပြုလုပ်ရန်အတွက် ပဲခူးမြို့သို့ လာရောက်လေ့လာမှုများ ပြုလုပ်ကြကြောင်း သိရသည်။
အဆိုပါအဖွဲ့တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာနန့်ခင်သင်းစု ဦးဆောင်ပြီး အုပ်ချုပ်သူနည်းပြ(၅)ဦး၊ သင်တန်းသား/သင်တန်းသူ (၄၂)ဦး စုစုပေါင်း (၄၇)ဦးပါဝင်ကာ ကမ္ဘောဇသာဒီနန်းတော်သို့ လေ့လာမှုများပြုလုပ်ကြရာ ပဲခူးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်များ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးနီလာမှ လိုက်လံရှင်းလင်းပြသပြီး စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၁၅)မှ သင်တန်းသား/သင်တန်းသူများသည် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးနှင့် ရွှေသာလျောင်းစေတီတော်သို့ သွားရောက်ဖူးမြော် ကန်တော့ကြပြီး စေတီတော်များ ဘက်စုံအသုံးပြု ဆောင်ရွက်နိုင်ရန်အတွက် ဂေါပကအဖွဲ့ထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)