ကြာအင်းဆိပ်ကြီး ၁၂ ဖေဖော်ဝါရီ

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် (THE LUTHERAN WORLD FEDERATION)တို့မှ ပူးပေါင်းပြီး အစားအစာ ဘေးကင်းလုံခြုံရေး စားသုံးသူ  အန္တရာယ်ကင်းစေရေး၊ ဟင်းသီးဟင်းရွက် သီးပင်စားပင်များ စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ရည်ရွယ်ပြီး စိုက်ပျိုးဆိုင်ရာ အလေ့အကျင့်ကောင်းများသင်တန်းကို ယနေ့နံနက် ၉ နာရီက စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။

 

63.

 

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဝေလင်းညွန့်က ကျေးလက်နေ ဒေသခံ စိုက်ပျိုးရေး တောင်သူများအား သင်တန်းဖွင့်လှစ် ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

 

အဆိုပါ သင်တန်းကို ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာ(၁၄)ရွာမှ စိုက်ပျိုးရေးဝါသနာရှင် တောင်သူ (၃၀)ဦး တက်ရောက်ပြီး သင်တန်းတွင် မြေဆီလွှာထိန်းသိမ်းပြုပြင်ခြင်း၊ သဘာဝ‌မြေဩဇာထည့်သွင်း အသုံးပြုခြင်း၊ ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် နှိမ်နှင်းခြင်း စသည်များကို ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

မျိုးမင်းဦး(ပြန်/ဆက်)