မကွေး ၁၂ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သ၀ဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက တိုင်ဒေသကြီး အားကစားကွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို တိုင်းဒေသကြီး အားကစားကွင်း၌ နံနက် ၅ နာရီခွဲက ကျင်းပဆောင်ရွက်ပြီး သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို နံနက် ၇ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် တက်ရောက်လာကြသော ဧည့်ပရိသတ်များက နိုင်ငံတော်အလံအလေးပြုခြင်း ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီး၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော ပြည်ထောင်စုနေ့သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့်အစိုးရအဖွဲ့ ၀န်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးတာ၊ ဒုဥက္ကဌနှင့်လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပညာရေးကောလိပ်နှင့် သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား သင်တန်းသူများနှင့်မကွေးမြို့ပေါ်ရပ်ကွက် အသီးသီးမှ ပြည်သူများ တက်ရောက်ခဲ့ပြီး၊ အခမ်းအနား တက်ရောက်လာသူများအား မကွေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက (၇၃) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)