နေပြည်တော် ၁၂ ဖေဖော်ဝါရီ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ဂျပန်နိုင်ငံ၊ အအိချိခရိုင် နာဂိုယာမြို့မှ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန် Mr. Toshio Nishimura နှင့်အဖွဲ့အား ယမန်နေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဂျပန်နိုင်ငံ၊ အအိချိခရိုင်အတွင်း အလုပ်သင်အလုပ်သမားများခေါ်ယူမည့် အစီအစဉ်များ၊ အလုပ်သင် အလုပ်သမားများ သတ်မှတ်ကာလ ၃ နှစ်ပြည့်မြောက်ပြီးပါက ကျွမ်းကျင်လုပ်သားများအဖြစ် ဆက်လက်လုပ်ကိုင်ခွင့်ရရှိရေးနှင့် အလုပ်အကိုင်အသစ်များရရှိရေး ကူညီရှာ ဖွေဆောင်ရွက်ပေးမည့်အစီအစဉ်များ၊ ဂျပန်နိုင်ငံ၏ အလုပ်သမားဥပဒေနှင့်အညီ နေထိုင်ရေးနှင့် အကျိုးခံစားခွင့်ရရှိရေး၊ ဂျပန်နိုင်ငံမှခေါ်ယူမည့် ကျွမ်းကျင်အလုပ်အကိုင်အမျိုးအစား ၁၄ မျိုးအနက် လက်ရှိခေါ်ယူနေသည့် အလုပ်အကိုင်များနှင့် ဆက်လက်ခေါ်ယူမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အလုပ်သင်အလုပ်သမား၊ နည်းပညာကျွမ်းကျင် အလုပ် သမားများနှင့်ပတ်သက်၍ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထား သည့်အတိုင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဂျပန်ဘာသာ စကားတတ်ကျွမ်းမှု လူတွေ့ စစ်ဆေးခြင်းနှင့် ဂျပန်နိုင်ငံသို့ အမြန်ဆုံးစေလွှတ်နိုင်ရေးကိစ္စနှင့်၊ ဂျပန်နိုင်ငံမှ စီစဉ်ဆောင်ရွက် လျက်ရှိသည့် အဆင့်မြင့်ပညာနှင့်ပတ်သက်သည့် အလုပ်အကိုင် ရရှိနိုင်ရေးကိစ္စ၊ အလုပ်သင် လုပ်သားများနှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်ပြောင်းရွှေ့ခြင်းစသည်တို့နှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေမှု၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်သားများခေါ်ယူမည့် အစီအစဉ်များ၊ မြန်မာနိုင်ငံမှ အလုပ်သင် အလုပ်သမားစေလွှတ်ရေးနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးတို့နှင့် ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်