ချောင်းဆုံ ၁၃   ဖေဖော်ဝါရီ

           

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ (၂၀၁၉)ခုနှစ်အတွက် ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၃ ရက် နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာ ဒေါ်ခင်စမ်းအေးက  ပြည်သူ့ကျန်မာရေးစောင့်ရှောက်မှု လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ နှင့် ပတ်သက်၍ ပြောကြားကာ ကျေး/လက်ကျန်းမာရေးဝန်ထမ်းများနှင့် (၂၀၁၉)ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ကျန်းမာရေး စောင့်ရှောက်မှုများအပေါ် အားသာချက်အားနည်းချက်များအား ဆန်းစစ်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

 

ထူးအိမ်(ပြန်/ဆက်)