နေပြည်တော် ၁၃ ဖေဖော်ဝါရီ 

ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် အသင်းအဖွဲ့စိတ်ဓာတ် ပိုမိုရရှိစေရန်ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ် ထမနဲထိုးပွဲကို နေပြည်တော်ရှိ ဝန်ကြီးဌာန၌ ယနေ့မွန်းလွဲပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းမိသားစုများပါဝင်သည့် ပြိုင်ပွဲဝင် အဖွဲ့(၄)ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီး ဦးစိုးအောင်တို့က တက်ရောက်အားပေးစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲတွင် အနိုင်ရရှိသော အဖွဲ့များကို ဆုများချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်