ကောလင်း ၁၄ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ၊ ကေလင်းမြို့နယ် ဦးစီးမှူးရုံးမှ လဝကမှူး ဒေါ်ခိုင်ခိုင်လွင်၊ လက်ထောက်လဝကမှူး ဉီးအောင်မင်းထွေး၊ဉီးဖြိုးဝေအောင်နှင့် ဉီးဇာနည်အောင် တို့သည် ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း သဇင်ခန်းမ၌ သစ္စာစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြား(အခမဲ့) ကွင်းဆင်း ဆောင်ရွက်ပြုလုပ်ပေးခဲ့သည်။

ထိုသို့ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးရာတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ နိုင်ငံသားအရည်အချင်းနှင့် ပြည့်မီသူ ကျောင်းသား ၇၃ ဉီး ၊ကျောင်းသူ ၉၂ ဉီးစုစုပေါင်း ၁၆၅ ဉီးအား (အခမဲ့)ပြုလုပ်ပေးခဲ့သည်။

အဆိုပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးရာသို့ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဒေါ်ခိုင်ခိုင်လွင်နှင့်အဖွဲ့များက ဆောင်ရွက်ပေးခြင်းအပေါ် ကျောင်းအုပ် ဆရာကြီး ဦးဝင်းညွှန့်နှင့်ဆရာ၊ ဆရာမများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ပြန်/ဆက်)
