မယ်စဲ့ ၁၄ ဖေဖော်ဝါရီ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ယမန်နေ့နံနက်၆နာရီ၄၅မိနစ်ခန့်က တောမီးလောင်ကျွမ်းမှုကြောင့် ပန်တိန်းကျေးရွာအနီး သစ်တောကြိုးဝိုင်းအတွင်းရှိ ဖားဆောင်း- မယ်စဲ့ ၃၃ ကေဗွီဓာတ်အားလိုင်းပေါ်သို့ သစ်ပင်လဲကျသဖြင့် ဓာတ်အားလိုင်းကြိုးများ ပြတ်တောက် ခြင်း၊ လက်တန်းများနှင့် ဓာတ်အားလိုင်းတိုင်များ ရွဲ့စောင်းခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မြို့နယ်ရုံးလျှပ်စစ်ဝန်ထမ်းများက ဓာတ်အားလိုင်းပေါ်ပိနေသော သစ်ပင်ကြီးအား ဖြတ်တောက်ဖယ်ရှားခြင်း၊ ပြတ်တောက်သွားသော ဓာတ်အားလိုင်းကြိုးများအား ပြန်ဆက်ခြင်း၊ လက်တန်းနှင့် တိုင်များအား ပြန်လည်တည့်မတ်ခြင်းနှင့် လိုင်းကြိုးများအား ပြန်လည် ဆွဲသားခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ရာ ညနေ ၅ နာရီခန့်တွင် လျှပ်စစ် ဓာတ်အား ပြန်လည်ရရှိခဲ့ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကျော်စန်းထံမှ သိရသည်။
ဝတ်ရည်(ပြန်/ဆက်)