ကျွန်းစု  ၁၄   ဖေဖော်ဝါရီ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၌ (၁၀၅)နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် ပုံတူပန်းချီပြိုင်ပွဲနှင့် ဗိုလ်ချုပ်သမိုင်းကြောင်း အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ(၁၃)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျွန်းစုမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းအား မမေ့မလျော့စေဘဲ တိုင်းပြည်အတွက် ကြိုးပမ်း ဆောင်ရွက်ထားမှုများ အောက်မေ့တမ်းတမိစေရန်၊ မျိုးချစ်စိတ်ဓာတ်များကိန်းဝပ်နေစေရန်အတွက် ကျင်းပ ပြုလုပ်ရခြင်းဖြစ်တယ်” ဟု မြို့နယ်ဦးစီးမှူး ဒေါ်အေးသန္တာဖြိုးက ပြောသည်။    

ပန်းချီပြိုင်ပွဲကို  ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူဖြင့် အ.မ.က ကမ်းဇော်တောကျောင်းမှ ကျောင်းသား/သူ (၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီးဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်ပြခန်း၊ အတ္ထုပ္ပတ္တိ၊ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ မိန့်ခွန်းကောက်နှုတ်ချက်များ ပါဝင်သည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာပေများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက  လှည့်လည်ကြည့်ရှု လေ့လာမှတ်သားခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ပြီး မြို့နယ် ပြန်/ဆက် ဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူများအား မေတ္တာလက်ဆောင်အဖြစ် ဗလာစာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)