ကျိုက်ဒုံ ၁၄ ဖေဖော်ဝါရီ
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ဘုရားတောင်ကျေးရွာတောင်ပေါ်၌ ဒေသခံပြည်သူများ တည်ထားကိုကွယ်သော ရှေ့ဟောင်သမိုင်းဝင်နောင်တော်ကြီး၊ နောင်တော်လေးစေတီတော်မြတ် ဘက်စုံပြန်လည်ပြုပြင်မွမ်းမံခြင်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျိုက်ဒုံမြို့ အုပ်ချုပ်ရေး ဦးမင်းဇော်မှ ဦးဆောင်၍ စေတနာရှင်၊ အလှူရှင်းများက နောင်တော်ကြီး၊ နောင်တော်လေး စေတီတော်အား ဘက်စုံပြန်လည်ပြုပြင်မွမ်းမံခြင်းများကို ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက စတင်၍ စတင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် နောင်တော်လေးစေတီတော်မြတ်အား ဘက်စုံပြန်လည်ပြုပြင်မွမ်းမံခြင်း၊ ထီးတော်အသစ်ပြန်လည် တင်လှူပူဇော်ခြင်း၊ အောက်ပစ္စရံ ခုံထုံးသင်္ကန်းများ ပြန်လည်တည်ဆောက်ခြင်း၊နောင်တော်ကြီးစေတီတော်မြတ်အောက် ပလ္လင်ခုံပြုပြင်မွမ်းမံခြင်း၊ နောင်တော်ကြီး၊ နောင်တော်လေး စေတီတော်မဟာရံ တံတိုင်းများ အသစ်တဖန်မွမ်းမံခြင်း စသည့် လိုအပ်သည့် နေရာများအား ဘက်စုံပြန်လည်မွမ်းမံသွားမည်။
အဆိုပါရှေးဟောင်း သမိုင်းဝင်နောင်တော်ကြီး၊ နောင်တော်လေးထီးတော်တင် လှူပူးဇော်ပွဲကို တပေါင်းလပြည့်ကျော်(၁၅)ရက်နေ့တွင် ပဌာန်းတရားပွဲ၊ ကုန်စည်နှင့်ဈေးရောင်းပွဲ၊ ဇာတ်သဘင်များဖြင့်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းနိုင်(ပြန်/ဆက်)


