နေပြည်တော် ၁၄  ဖေဖော်ဝါရီ 

 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်သည် Max Planck and the Chubb Rule of Law Fund မှ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် လက်ခံတွေ့ဆုံသည်။

           

တွေ့ဆုံစဉ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် Max Planck and the Chubb Rule of Law Fund တို့အကြား ပူးပေါင်းဆောင်ရွက်မည့်ကိစ္စ၊ ခုံရုံး သုတေသန ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒ တည်ဆောက်မှု၊ အနက်အဓိပ္ပာယ်ဖွင့်ဆိုမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများအကြား ဆက်နွှယ်မှုတို့နှင့်စပ်လျဉ်း၍  သုတေသနလုပ်ငန်းများဆောင်ရွက် ရာတွင်  အထောက်အကူပြုနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

(သတင်းစဉ်)