မြင်းခြံ ၁၄ ဖေဖော်ဝါရီ

                       

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ် (၅)ရပ်ကွက် နယ်မြေ (၆)တွင် မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက အမှတ် (၅) ရက်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

8

                       

ဖေဖော်ဝါရီလ (၁၃) ရက်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သော အိမ်ထောင်စု (၉) စု ကျား (၁၁) ဦး၊ မ (၁၃) ဦး စုစုပေါင်း (၂၄)ဦးတို့ အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ပေးပို့ထောက်ပံ့သော အိမ်ဆောက်ပစ္စည်း၊ ထောက်ပံ့ငွေ ကျပ် (၉) သိန်း၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ကျပ် (၅၄၀၀၀) နှင့် ကယ်ဆယ်ရေး အဝတ်အထည် အသုံးအဆောင်ပစ္စည်း (၁၈) စုံတို့အား  မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပေးအပ်ခဲ့သည်။

 

ထို့နောက် ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများ လက်ခံရရှိသူ ဒေါ်သင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ကျော်စွာ(IPRD)