မိုင်းယောင်း ၁၅ ဖေဖော်ဝါရီ
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သော မိုင်းယောင်းမြို့နယ်တွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဖေဖော်ဝါရီ ၁၅ ရက်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတို့က ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် “သင်နှင့် သင့်မိသားစုအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကာကွယ်ပါ”၊ “COVID-19 ရောဂါ မိမိကစ၍ ကာကွယ်ပါ”၊ “2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းရောဂါ ကာကွယ်ဖို့ မောင်တို့မယ်တို့ လိုက်နာစို့” ဗီနှိုင်းပိုစတာများ ကပ်ခြင်း/ဖြန့်ဝေပေးခြင်းနှင့် ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊ တစ်ဦးချင်း ပညာပေးဆောင်ရွက်ခြင်းများကို လူစည်ကားရာ မြို့မဈေး၊ မော်တော်ယာဉ်ကားဂိတ်၊ ဗလမင်းထင်လမ်းဆုံနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနများတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)