မင်းဘူး ၁၆ ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားရှိသည့် မင်းဘူးသစ်ထုတ်လုပ်ရေးဒေသမှ အာမခံအလုပ်သမား ဉီးဝင်းမော်၏ လုပ်ငန်းခွင် ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မင်းဘူးမြို့ မန်းသီတာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမားရေးရာဝန်ကြီးဌာန ဝန်ကြီး ဉီးမြင့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီး တာဝန်ခံ အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိသွယ်က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဉပဒေပါ သိကောင်းစရာများ၊ အကျိုးခံစားခွင့်များအကြောင်းနှင့် မင်းဘူးမြို့နယ်၊ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားရှိသည့် မင်းဘူးသစ်ထုတ်လုပ်ရေးဒေသမှ အာမခံအလုပ်သမား ဉီးဝင်းမော်၏ လုပ်ငန်းခွင် ထိခိုက်သေဆုံးခြင်းကြောင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။

 

ထို့နောက် ဝန်ကြီး ဉီးမြင့်ဆွေက မင်းဘူးမြို့နယ်၊ လူမှုဖူလုံရေးရုံးတွင် အကျုံဝင်မှတ်ပုံတင်ထားရှိသည့် မင်းဘူး သစ်ထုတ်လုပ်ရေးဒေသမှ အာမခံအလုပ်သမား ဉီးဝင်းမော်၏ လုပ်ငန်းခွင် ထိခိုက်သေဆုံးခြင်းကြောင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်း ကျပ် ၁၀၈၀၀၀၀၀ အား ဇနီးဖြစ်သူ ဒေါ်ခင်မိုးမိုးခိုင်ထံသို့ ပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူ ဒေါ်ခင်မိုးမိုးခိုင်မှ ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

ကျော်စိုးဝင်း(မင်းဘူး)