မင်းဘူး ၁၆ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက် သိမ်ကုန်းမိသားစု၏ (၂၇)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်လှူပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က သိမ်ကုန်းရပ်ကွက်၊ သီရိမင်္ဂလာဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ သိမ်ကုန်းကျောင်းတိုက် ဆရာတော်ဉူးကော်သာလထံမှ ဧည်သည့်တော်များက သီလခံယူဆောက်တည်ခဲ့ကြပြီး ကြွရောက်တော်မူကြသည့် မြို့ပေါ်ကျောင်းတိုက် အသီးသီးမှ သံဃာတော်ဆရာတော်များနှင့် သီလရှင်ဆရာတော်များအား ခုနှစ်ရက်သားသမီး အလှူရှင်များမှ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူခဲ့ကြသည်။
“ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရည်ရွယ်ချက်ကတော့ သိမ်ကုန်းရပ်ကွက်တွင် ဗုဒ္ဓဘာသာ မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာနှင့်အညီ ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာတော်များအား ဆွမ်းဆမ်းစိမ်းလောင်းလှူပွဲကို နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် (၂၇) ကြိမ်မြောက် ရှိပါပြီ၊ မင်းဘူးမြို့ပေါ်ရှိ ဆရာတော်သံယာတော် အပါး (၁၃၉)ပါး နှင့် သီလရှင်ဆရာတော်အပါး(၁၂၀) တို့အား ဆွမ်းဆန်းစိမ်းလှောင်းလှူပွဲ ကျင်းပခဲ့ရာ ရပ်ဝေးရပ်နီးမှ စေတနာရှင်များ ပူးပေါင်း၍ သဒ္ဓါတရားထက်သန်စွာနဲ့ လာရောက်လှူဒါန်းကြတာ တွေ့ရတော့ ကျွန်တော်အနေနဲ ပီတီဖြစ်ရပါတယ်”ဟု သိမ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဉီးအေးလွင်က ပြောပါသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား မြို့ပေါ်ကျောင်းတိုက်အသီးသီးမှ ဆရာတော် သံဃာတော်(၁၃၉)ပါးနှင့် သီလရှင်အပါး(၁၂၀)ပါး ကြွရောက်တော်မူခဲ့ပြီး ရပ်နီးရပ်ဝေးမှ အလှူရှင် (၆၀)ဉီးခန့် ဆွမ်းဆန်တော်များနှင့် လှူဖွယ်ပစ္စည်းများအား လာရောက် လှူးဒါန်းခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)


