မိုင်းပျဉ်း ၁၈ ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ငလျင်ဘေးနှင့် အခြားသဘာဝဘေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ငလျင်သဏ္ဍာန်ဇာတ် တိုက်လေ့ကျင့်ခြင်းကို မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်း၍ ဖေဖေါ်ဝါရီ ၁၇ ရက် မွန်းလွဲ ၁နာရီက ပြုလုပ်သည်။

 

96325

 

ရှေးဦးစွာ မိုင်းပျဉ်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ငလျင်လှုပ်စဉ် ဆောင်ရွက်ရမည့် အချက်များ၊ ကြိုတင်ကာကွယ်ခြင်း နည်းလမ်းများ၊ ငလျင်ဖြစ်လှုပ်ရခြင်း အကြောင်းရင်းများနှင့် အခြားသဘာဝဘေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့သည်။

 

633

 

ဆက်လက်ပြီး ငလျင်လှုပ်စဉ်နှင့် လှုပ်ပြီးဆောင်ရွက်ရမည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များ၊ ရှေးဦးပြုစုနည်း လုပ်ငန်းများကို ဌာနဆိုင်ရာများနှင့်ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လက်တွေ့ သရုပ်ပြပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

 

47

 

ထို့အပြင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာအုပ်စာစောင်များပြသခြင်း၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မေမွန်ထွဋ်၊ပြန်/ဆက်

 

693