နမ့်ဆန် ၁၈ ဖေဖော်ဝါရီ
ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ကိုရိုနာ ဗိုင်းရပ်(စ်) ပြင်းထန် အဆုတ်ရောင် ရောဂါအကြောင်း သိရှိစေရန်နှင့် စာပေဗဟုသုတရရှိစေရန်ကို ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၁)နာရီက စာသင်ကျောင်းများသို့ ကွင်းဆင်းဟောပြောခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းထားထားလှိုင် ကိုရိုနာ ဗိုင်းရပ်(စ်) ပြင်းထန် အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ခြင်း ဆိုင်ရာ သိကောင်းစရာများ၊ ရောဂါမကူးစက်နိုင်အောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းကောင်းများကို ဟောပြောပြီး လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဖြောင့်မတ်တည်ကြည်စိတ်၊ ရဲဝံ့စိတ်၊ မဆုတ်မနစ် အားထုတ် တတ်သောစိတ်များအကြောင်းကို ဟောပြောခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် နံရံကပ်စာစောင်များ၊ ကိုရိုနာဗိုင်းရပ်(စ်) အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသထားရာ ကျောင်းသား/သူများ တို့က ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)


