ငဖဲ ၁၈ ဖေဖော်ဝါရီ
မင်းဘူးခရိုင်၊ မင်ဘူး(စကု)မြို့နယ် အိုင်းမကျေးရွာအုပ်စု အိုးပြင်မဲကျေးရွာတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းက မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ(၇၄)အိမ် မီးဘေးသင့်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ မီးဘေးသင့်ကျေးရွာသို့ မကွေးတိုင်းဒေသကြီး ကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ချမ်းသင်၊ ဒု-ဥက္ကဋ္ဌ ဦးသက်နိုင်ဝင်းနှင့် စလင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်း၍ ဖေဖော်ဝါရီလ ၁၇ ရက် နေ့တွင်သွားရောက်ပြီး ဆန် (၂၆)အိတ်၊အဝတ်အထည်များနှင့် အိမ်သာဆောက်လုပ်ရန် အတွက် (၁)လုံးလျှင် ငွေကျပ် လေးသောင်းနှုန်းဖြင့် အိမ်သာ (၃၈)လုံးအတွက် ငွေကျပ် တစ်ဆယ့်ငါးသိန်းနှစ်သောင်းကို အိုးပြင်မဲကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် ဦးခေမာဝံသ ထံသို့အလှူငွေပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)


