၁၈  ဖေဖော်ဝါရီ

 

မြန်မာ့တပ်မတော်(ရေ)နှင့် ထိုင်း ဘုရင့်ရေတပ် နှစ်နိုင်ငံရေတပ် ချစ်ကြည်ရေး ဘော်ဘီဘောပြိုင်ပွဲနှင့် ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်ရှိ အားကစားခန်းမ/ကွင်း၌ ကျင်းပခဲ့ရာ ကျွန်းစုမြို့၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း (ရေး/ထောက်) ဒုတိယဗိုလ်မှူးကြီး ကိုကိုလတ်၊ ထိုင်းဘုရင့်ရေတပ်မှ အဖွဲ့ခေါင်းဆောင် စီရီပွန်နှင့် အရာရှိ၊ စစ်သည်များ၊ အားကစားသမားများ၊ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ စစ်သည်များ၊ မိသားစုဝင်များ၊ အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

 

852

 

ပြိုင်ပွဲမစတင်မီ ပြိုင်ပွဲဝင် နှစ်နိုင်ငံအားကစားသမားများအား တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း(ရေး/ထောက်) ဒုတိယဗိုလ်မှူးကြီးကိုကိုလတ်နှင့် ထိုင်းဘုရင့်ရေတပ်မှ အဖွဲ့ခေါင်းဆောင် စီရီပွန်တို့က လိုက်လံနှုတ်ဆက်ခဲ့ကြပြီး နှစ်နိုင်ငံ အသင်းခေါင်းဆောင်များမှ နှစ်နိုင်ငံချစ်ကြည်ရေး အလံများအား လဲလှယ်ခဲ့ကြကာ အမှတ်တရဓာတ်ပုံများ စုပေါင်းရိုက်ကူး၍ ချစ်ကြည်ရေး ဘော်လီဘောပြိုင်ပွဲအား ယှဉ်ပြိုင်ကစားရာ တနင်္သာရီ ရေတပ်စခန်းဌာနချုပ် ဘော်လီဘောအသင်းမှ နှစ်ပွဲပြတ် အနိုင်ရရှိခဲ့သည်။

 

6320

 

ထိုနောက် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအား မြို့မအားကစားကွင်း၌ ဆက်လက်ကျင်းပရာ နှစ်နိုင်ငံ အားကစားသမားများအား တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ စစ်ဦးစီးမှူးပထမတန်း(ရေး/ထောက်) ဒုတိယ ဗိုလ်မှူးကြီး ကိုကိုလတ်နှင့် ထိုင်းဘုရင့်ရေတပ်မှ အဖွဲ့ခေါင်းဆောင် စီရီပွန်တို့မှ လိုက်လံ နှုတ်ဆက်ခဲ့ကြကာ နှစ်ဖက်အသင်းခေါင်းဆောင်များမှ နှစ်နိုင်ငံချစ် ကြည်ရေးအလံများအား လဲလှယ်ခဲ့ကြပြီး အမှတ်တရဓာတ်ပုံများ စုပေါင်းရိုက်ကူး၍ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲအား ယှဉ်ပြိုင်ကစားခဲ့ကြရာ ထိုင်းဘုရင့်ရေတပ်ဘောလုံးအသင်းမှ ကျွန်းစုမြို့၊ တနင်္သာရီရေတပ်စခန်း ဌာနချုပ် ဘောလုံးအသင်းအား ၁ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)

 

36.