ရွှေသောင်ယံ ၁၈ ဖေဖေါ်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာအုပ်စု မကျီးဇင်ကျေးရွာတွင် ဂျာမနီနိုင်ငံ Project Burma e.v မှ ဆောက်လုပ်လှူ ဒါန်းသော(၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဌာနဝန်ကြီး၊ ဒေါက်တာလှမြတ်သွေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ဦးစီးဌာနမှူးတို့မှ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် (၁၆) ခုတင်ဆံ့ မကျီးဇင်တိုက်နယ်ဆေးရုံ၏ အလှူရှင်ဖြစ်သော ဂျာမနီနိုင်ငံ Project Burma e.vမှMarion Muckမှဆေးရုံလှူဒါန်းမှုနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး(၁၆)ခုတင်ဆံ့ မကျီးဇင်တိုက်နယ်ဆေးရုံ၏ အချက်အလက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံလွှဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်ပြီး အလှူရှင်မှ ဆေးရုံလှူဒါန်းမှုနှင့်ပတ်သက်၍ရှင်း လင်းပြောကြားပြီး မကျီးဇင်ကျေးရွာ တိုက်နယ်ဆေး ရုံဖြစ်မြောက်ရေးကော်မတီအဖွဲ့ကိုယ်စားကော်မတီ ဉက္ကဋ္ဌ ဦးထိန်လင်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)


