လေးမျက်နှာ ၁၈ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်အတွင်းရှိ အသက်(၅)နှစ်အောက်က လေးများအား အာဟာရ ဗီတာမင်(A)နှင့် သံချဆေး တိုက်ကျွေးခြင်းကို မြို့နယ်မိခင်နှင့်က လေးကျန်းမာရေးဌာန၌ ယမန်နေ့ နံနက်(၉)နာရီက တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အာဟာရဆေး တိုက်ကျွေးခြင်းအစီအစဉ်၌ (၂)နှစ်နှင့်အထက် ကလေးငယ်များကို သံချဆေး များတိုက်ကျွေးပေးပြီး၊ (၆)လမှ (၅)နှစ်အရွယ်အထိ ကလေးငယ်များအား ပေါင်ချိန်ခြင်း၊ အာဟာရပြည့်/မပြည့် တိုင်းတာခြင်း၊ ဗီတာမင်(A) တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ယခုတိုက်ကျွေးပေးမှုမှာ ၂၀၂၀ ပြည့်နှစ်အတွင်း ပထမရက်သတ္တပတ် တိုက်ကျွေးခြင်းဖြစ်ပြီး ဒုတိယရက်သတ္တပတ်ကို ဩဂုတ်လအတွင်း တိုက်ကျွေးမည်ဖြစ်ကြောင်းနှင့် ဆေးတိုက်ကျွေးခြင်း လုပ်ငန်းတွင် ကလေးငယ် (၉၀)ကျော်ကို တိုက်ကျွေးခဲ့ကြကြောင်း သိရှိရသည်။
ရွှေမိုး(ပြန်/ဆက်)