ပခုက္ကူ  ၁၈ ဖေဖော်ဝါရီ

 

 

ပခုက္ကူမြို့နယ်၊ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော လူမှုဖူလုံရေး အာမခံအလုပ်သမားများအား Mobile Medical UNIT ဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကွင်းဆင်းဆေးကုသပေးမည်ဖြစ်သည်။

           

နယ်လှည့်ဆေးကုသမှုအဖွဲ့သည် ဖေဖော်ဝါရီ ၁၉ ရက်နေ့၌ ပခုက္ကူမြို့နယ်၊ ပန်းတိုင်ခြုံကျေးရွာ Myanmar Effort Co,ltd. သို့လည်းကောင်း၊ ၂၀ ရက်နေ့တွင် ပေါက်မြို့နယ်၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ကျောင်းခွက်-လက်ပံတို ရေနံမြေသို့လည်းကောင်း၊ ၂၁ ရက်နေ့တွင် ဂန့်ဂေါခရိုင်၊ ကျော်မြို့၊ ပုထိုးလုံရေနံမြေသို့လည်းကောင်း၊ ၂၄ ရက်နေ့တွင် ပခုက္ကူမြို့၊ လူမှုဖူလုံရေးရုံး၌ အကျုံးဝင်ဌာနများအားလုံးအတွက် လည်းကောင်း ကွင်းဆင်းဆေးကုသပေးမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ် လူမှုဖူလုံရေးရုံး တာဝန်ခံ ဒေါ်ယဉ်ယဉ်ထွေးထံမှ သိရသည်။

 

ကိုဇော်(ဓာတု)