နေပြည်တော် ၁၈ ဖေဖော်ဝါရီ 

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဂျာမန်လွှတ်တော်မှ အာဆီယံ ပါလီမန်များ၏ဥက္ကဋ္ဌ  Mrs. Renate Kunast  နှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

7519

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးနှင့် ဆက်လက်ကူညီပေးရေး၊ ဥပဒေပြုရေးဆိုင်ရာကိစ္စနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအပြင် လာမည့်ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ အဖွဲ့ဝင် ဒေါက်တာဦးကြွယ်ကြွယ်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

သတင်းစဉ်