ကျိုက်ထို ၁၈ ဖေဖော်ဝါရီ

 

မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံနှင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ (လိပ်သဲ/ဂဝံ) ကျောက်ထုတ်လုပ်ခွင့်ရ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁၈ ရက်မွန်းလွဲ နာရီတွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

adsd

 

တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ (လိပ်သဲ/ဂဝံ) လမ်းခင်းကျောက် ထုတ်လုပ်ခွင့်လုပ်ငန်း လိုင်စင်ရရှိထားသည့် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းခွင်အတွင်း ဆောင်ရွက်နေမှုများ၊ (EMP)ဆောင်ရွက်ထားရှိမှုများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများရှိ/မရှိ အစရှိသည်တို့ကို ပြောကြားခဲ့သည်။

 

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်က မြို့နယ်အတွင်းရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အခွန်()မျိုး ကောက်ခံရရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး လုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှုများ (EMP) ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကိစ္စရပ်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြသည်။ ထို့နောက် မွန်ပြည်နယ်၀န်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

 

၀င်းမောင် (ပြန်/ဆက်)