ခင်ဦး  ၁၈  ဖေဖော်ဝါရီ

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့၌ ရေဦး-ခင်ဦးကားလမ်း၊ ခင်ဦး-သင်ပေါင်းကားလမ်းနှင့် ဘူတာရုံလမ်း လမ်းဆုံနေရာတွင် ကတ္တရာလမ်းတိုးချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို မြို့နယ်လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိရာ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါ လုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေကျပ် ၁၄၅ ဒသမ ၁၆ သန်းဖြင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုထားရှိသည့် တြိဂံကျွန်းနေရာတွင် ပတ်ပတ်လည် စုစုပေါင်း ၂၄၀ ပေ၊ အကျယ် ၃၆ ပေ၊ ရေဦး-ခင်ဦး ကားလမ်းဘက်တွင် အရှည် ၄၆၀ ပေ၊ အကျယ် ၄၈ ပေ၊ ခင်ဦး-သင်ပေါင်း ကားလမ်းဘက်တွင် အရှည် ၄၆၀ ပေ၊ အကျယ် ၄၈ ပေ၊ ဘူတာရုံလမ်းဘက်တွင် အရှည် ၄၆၀ ပေ၊ အကျယ် ၃၆ ပေ ဆောင်ရွက်လျက်ရှိပြီး ယခင်က အဆိုပါလမ်းများမှာ အကျယ် ၁၂ ပေ၊ ၁၈ ပေသာရှိကြောင်း၊ ကတ္တရာလမ်းတိုးချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ဖေဖော်ဝါရီလကုန်တွင် ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်ကြည်ကြည်ဝေ၏ ပြောကြားချက်အရ သိရသည်။

 

 

အဆိုပါ ကတ္တရာလမ်းတိုးချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် မြို့နယ် အရည်အသွေးစစ်ဆေးရေး ကော်မတီတို့မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

 

စိုးဝေအောင်(ပြန်/ဆက်)

 

aadfs