ပဲခူး ၁၉ ဖေဖော်ဝါရီ
ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉_၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါဖြင့် ဆောင်ရွက်သည့် လမ်းတံတား လုပ်ငန်းပေါင်း (၄၅)ခုအား ပဲခူးမြို့နယ်စည်ပင် သာယာရေးအဖွဲ့ ခွင့်ပြုငွေကျပ် (၁၆၉၅.၆၃၉)သန်း အသုံးပြု၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် Lot(၁၄)ခု ခွဲခြားထားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အနီးကပ်ကြီးကြပ်ကာ တင်ဒါအောင်ကုမ္ပဏီများမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း၊ ကတ္တရာ လမ်းအဖြစ် အဆင့်မြင့်တင်ခြင်း၊ ရေမြောင်းပလက်ဖောင်း ပြုလုပ်ခြင်း၊ ရွှေသာလျောင်း လမ်းဆုံနေရာတွင် Free Way ပြုလုပ်ခြင်း၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် အသုံးပြုခြင်း၊ မြို့သန့်ရှင်းရေးအတွက် အမှိုက်သိမ်းယာဉ်ဝယ်ယူခြင်းစသည့် လုပ်ငန်းများကို တာဝန်ယူ လုပ်ဆောင် လျှက်ရှိကြောင်း ပဲခူးမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ ဦးမောင်မောင်အောင်၏ ပြောပြချက်အရ သိရသည်။
တင်စိုး(ပဲခူး)


