ခန္တီး  ၁၉   ဖေဖော်ဝါရီ  

 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ယာဉ်မောင်းလိုင်စင်နှင့် ကား၊ ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးခြင်းနှင့် လိုင်စင်မရှိ သေးသည့် ယာဉ်များကို ဒေသနံပါတ် (SGG) နံပါတ်တပ်ဆင်ပေးခြင်းကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့ထိ ပြည်သူ့ဝန်ဆောင်မှုရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

522.2

 

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ယခင်နှစ်က လျှောက်ထားသည့် ကား၊ ဆိုင်ကယ် လိုင်စင်ကိုလည်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

စနေမောင်မောင်(ခန္တီး)