ပင်လည်ဘူး  ၁၉  ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန အမျိုးသမီးကျန်းမာ ရေးဆရာမ ဒေါ်စိုးစိုးရီနှင့်အဖွဲ့မှ လူထုဗဟိုပြု လုပ်ငန်းစဉ်အနေဖြင့် မြို့ပေါ်ရပ်ကွက်(၂)ရပ်ကွက်နှင့် (၅)မိုင်ဝန်းကျင်ရှိ ကျေးရွာများမှ အသက်(၆၀)နှင့်အထက် သက်ကြီးဘိုးဘွား(၃၀)ခန့်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေးအသိပညာဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ ပြုလုပ်ပေးလျက် ရှိသည်။

 

+635

 

ထို့ပြင် သွေးတိုးရောဂါ၊ သွေးချို၊ ဆီးချိုရောဂါနှင့် အခြားရောဂါများအတွက် ဆေးဝါးများကိုလည်း အခမဲ့ ထောက်ပံ့ ပေးလျက်ရှိကြောင်း သိရပါသည်။

 

မြို့နယ်ပြန်/ဆက်

 

963258