ခင်ဦး ၁၉ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့မိမြို့ဖများမှ ညောင်ကုန်းကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စု(၆) စုအား ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီက ထောက်ပံ့ရေးပစ္စည်းများ သွားရောက်ပေးအပ်ခဲ့သည်။
မီးဘေးသင့် အိမ်ထောင်စု (၆) စုအတွက် အိမ်ထောင်စုတစ်စုလျှင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ထောက်ပံ့သော ပစ္စည်း (၃၃) မျိုးကို မြို့နယ်ကြက်ခြေနီအသင်းကလည်းကောင်း၊ မြို့မိမြို့ဖအဖွဲ့က ထောက်ပံ့သော (၂၄) ပြည်ဆံ့ ဆန်အိတ် တစ်အိတ်စီကို မြို့မိမြို့ဖ ဥက္ကဌ ဦးမြင့်မောင်(ခ) ဦးဖိုနီနှင့် အဖွဲ့ကလည်းကောင်း အိမ်ထောင်စုအလိုက် ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ပြန်/ဆက်)


