မိုးညို ၁၉ ဖေဖော်ဝါရီ
ပခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသော ကျေးလက်ဒေသများအား စိုက်ပျိုးရေး ဦးစီးဌာန၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီနှင့် ကိုရီးယား ရာသီဥတု ပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထင်းသုံးစွဲမှုလျှော့ချရေး၊ သစ်တောပြုန်းတီးမှု ကာကွယ်နိုင်ရေးနှင့် ကာဗွန်ထုတ်လုပ်မှုလျှော့ချနိုင်ရေးတို့အတွက် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သီတာဦးနှင့် ဝန်ထမ်းများက ဖေဖော်ဝါရီ(၄)ရက်မှ စတင်၍ ကျေးရွာအရောက် ဖြန့်ဝေပေးလျှက်ရှိသည်။
မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃၄)အုပ်စုအတွက် စွမ်းအားမြှင့်မီးဖို လုံးရေ ၂၅၈၃၀ အား ဖြန့်ဝေပေးသွားမည် ဖြစ်ပြီး ပထမအသုတ်အနေဖြင့်မီးဖို(၁၂၉၁၅) လုံးအားဖြန့်ဝေပေးလျှက်ရှိရာ ယနေ့အထိ မီးဖို(၁၀၁၇၀) လုံးအားကျေးရွာများအရောက် ဖြန်ဝေပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိသော ကျေးရွာအုပ်စုများသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း (မိုးညို)


