ညောင်လေးပင် ၁၉   ဖေဖော်ဝါရီ

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် လူငယ်ရေးရာကော်မတီမှ ဦးဆောင်ကျင်းပသော စာဖတ်ရှိန်မြှင့်တင် ရေး နှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၉ နာရီက ညောင်လေးပင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။

 

52

 

အခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမြင့်သန်း (ညောင်လေးပင်)က အဖွင့်အမှာစကားပေကြားပြီး မြို့နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင် မြို့နယ်စီမံကိန်း ဦးစီးမှူး ဒေါ်နန်းစန်းရီက အမှာစကား ပြောကြားသည်။

 

ထို့နောက် မြို့နယ်လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး မနွယ်နီလှိုင်က ကျေးဇူးတင်စကား ပြောကြားပြီး တက်ရောက်လာသူများက ခင်းကျင်းရာင်းချနေသည့် စာအုပ်အရောင်းဆိုင်များ၌ စာအုပ်များ လေ့လာဖတ်ရှုဝယ်ယူ အားပေးကြသည်။

 

9635

 

အဆိုပါ စာအုပ်ဈေးရောင်းပွဲတော်တွင် သုတ၊ရသ၊ပုံပြင်၊ဘာသာရေး၊ဘာသာပြန်၊ ကလေးစာပေ၊ သင်ထောက်ကူ၊ အတ္ထုပ္ပတ္တိ စာအုပ်များကို ဈေးနှုန်းမှန်ကန်စွာဖြင့်  ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ငါးရက်တိုင်တိုင် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

သက်လွင် (ညောင်လေးပင်)