ဒေးဒရဲ  ၁၉  ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဘေးကင်း လုံခြုံမှုရှိစေရန် ရည်ရွယ်၍ စည်ပင်သာယာမြို့မဈေးနှင့် အမှတ်(၁)ရပ်ကွက်ရှိ ကုန်မျိုးစုံ လက်လီ လက်ကား အရောင်းဆိုင်များအား ယမန်နေ့ နံနက်ပိုင်းက ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

52

 

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်စစ်ဆေးရေး အရာရှိ ဦးခင်မောင်ဇင် ဦးဆောင်သောအဖွဲ့များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးဝင်းနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စည်ပင်သာယာ မြို့မဈေးအတွင်း၊ အပြင်နှင့် အမှတ်(၁)ရပ်ကွက်ရှိ ကုန်မျိုးစုံ လက်လီလက်ကား အရောင်ဆိုင်များအား စားသုံးသူအကာအကွယ်ပေးရေး ဉပဒေပါ ကုန်ညွှန်း အမှတ်အသားဆိုင်ရာ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်မျိုးစုံဆိုင် ပိုင်ရှင်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်စေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

မြင့်မြင့်ခိုင်(ပြန်/ဆက်)